Crypto သင်ခန်းစာများ (၂၀၂၂ မေလ)

Nyein Chan Ko Ko
3 min read2 days ago

--

semester လည်းပြီးသွားပြီး တခြားလုပ်စရာလည်း သိပ်မရှိတဲ့အချိန်မှာ Binance က Future trading ကိုပြန်စလေ့လာပြီးလုပ်ဖြစ်တယ်။ Future နဲ့ပတ်သက်လာရင် နောင်တတွေ အများကြီးရှိပါတယ်။ ခုထိလည်းမမှတ်သေးဘူး။ ကိုယ်ရှုံးထားတာကိုတော့ ရအောင်ပြန်ယူချင်တယ်။ သူများတွေ အောင်မြင်ပြီး ငါဆုံးရှုံးတယ်ဆိုတာ တခုခုလွဲနေလို့ပဲဖြစ်မှာဆိုပြီး ထပ်လေ့လာတယ်။

တစ်နှစ်ကျော် Future trade ပြီးတဲ့နောက် ဒီအချက်တွေကို ရှာဖွေတွေ့လာခဲ့တယ်။

၁။ Market ကို Long or Short ကော အလျင်းသင့်သလိုလုပ်ပါ။

အစတုန်းက သိပ်မသိခင် long ပဲလုပ်နေတာ။ စျေးကျရင်စိတ်ဓာတ်ကျတယ်။​တကယ်ကတော့ စျေးကျရင်လည်း ကိုယ့်အတွက် မြတ်အောင် လုပ်လို့ရတဲ့နည်းတွေရှိပါတယ်။ အထူးသဖြင့် သတင်းတွေမကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် bear market ထဲရောက်နေတယ်ဆိုရင် Short လုပ်တာပိုကောင်းပါတယ်။ Shortတဲ့အချိန်မှာလည်း 1hr, 15min ,5min candel တွေကို ကြည့်ပြီးတော့မှအခု market ကဘယ်နားရောက်နေပြီလဲ အရင်ကြည့်ရတယ်။ မဟုတ်ရင် ကိုယ်ဝင်လိုက်ချိန်က နေရာမှားတတ်တယ်။ နေရာဆိုတာ စျေး ပြန် reverse ဖြစ်မယ့်နေရာကို ဝင်မိလျက်သားလည်းဖြစ်တတ်တယ်။ Reverse ဖြစ်မယ့်နေရာကို Fibonacci တို့ RSI တို့နဲ့ ကြည့်တာကောင်းတယ်။ ကွန်ပျူတာနဲ့ trading view မှာအဲဒါတွေကို ကျယ်ကျယ်ပြန့်ပြန်ကြည့်တာ ပိုအဆင်ပြေတယ်။ ပြီးတော့မှဖုန်းကနေ trade ပေါ့လေ။ အကယ်၍​ဒီ ကွိုင်က ဘယ်လိုသွားနေမှန်းမသိဘူး​ ဆိုရင် မဝင်တာကောင်းတယ်။ ဝင်ချင်ရင်တောင်မှ binance မှာ mock trading ဆိုတဲ့ simulator လေးသုံးပြီးလေ့လာသင့်တယ်။

၂။ တခါတည်းနဲ့ position ပေါင်းများစွာ ဖွင့်တာမလုပ်သင့်ဘူး။

သိပ်မနပ်ခင်တုန်းက ကျွမ်းကျင်ပြီးသား trader တွေလုပ်သလို position တွေ အများကြီးပြိုင်တူဖွင့်ထားတယ်.။ ဆိုလိုတာက Coin တွေအများကြီးကို ပြိုင်တူ trade တာ။ Stop loss တွေမထားဘူး။ စက်တင်ဘာ ၇ စျေးကွက်ပြုတ်ကျတဲ့အခါမှ အဲဒါတွေ အားလုံးဆင့်ကဲဆင့်ကဲ အရည်ပျော်ကုန်တယ်။ အဲဒီတုန်းက စျေးကျနေတဲ့အချိန်မှာ ဘယ်ထိ ထိုးကျနိုင်လဲဆိုတာကို မလေ့လာပဲ DCA လုပ်မယ်ဆိုပြီး အောက်မှာ ဆက်ဆက်ပြီး position တွေ ဖွင့်ထားတာလည်း အရည်ပျော်နှုန်းကိုပိုမြန်သွားစေတယ်။ တစ်လအတွင်းမြတ်နေတဲ့ xxxxဟာ ပျောက်သွားတဲ့အပြင် ကိုယ့်ထဲကပါ နောက်ထပ် xxxx လောက်ထပ်ပါသွားခဲ့တယ်။ နောက်တခုကတော့ ဖွင့်တဲ့အခါလည်း margin ကို တအားမကြီးစေဖို့သတိထားဖို့ပေါ့လေ။

၃။ Margin ကို သတိထားဖို့ဆိုတာက

၁၀၀ ထည့်ထားတယ်ဆိုရင် အရင်က ကျနော် ၁၀၀လုံးကိုသုံးပြီး. trade လေ့ရှိတယ် ။​ကံကောင်းတဲ့အခါ မျက်စိပိုင်းအတွင်း ၁၅၀ လောက်ဖြစ်သွားပေမယ့် .ကံဆိုးတဲ့အခါ မျက်တောင်တမှိတ်အတွင်း ပျောက်သွားနိုင်တယ်။​အဲဒါကြောင့် ၁၀၀ ထည့်ရင် 10သို့မဟုတ် 20 လောက်ပဲ သုံးတာဟာ အတော်များနေပါပြီ။ ကျန်တဲ့ ၈၀ ကို အရံထားထားသင့်တယ်။

အခုနောက်ပိုင်း binance မှာ liquadation လုပ်ရင် ကိုယ်ထည့်ထားတဲ့ ဟာအကုန် အရည်ဖျော်တာမဟုတ်ပဲ ကိုယ် သုံးထားတဲ့ ၁၀ဆို ၁၀ ၊​၂၀ဆို ၂၀ လောက်ကိုပဲ liquadate လုပ်ပစ်တာတွေ့ရတယ်။ ကျနော်ပဲ သတိမထားမိသလားမပြောတတ်ဘူး။ ၁၀ သုံးပြီး .20X လုပ်တယ်ဆိုရင်လည်း အမြတ်ရတာ များပေမြန်ပေမယ့်. အခန့်မသင့်ရင် လစ်သွားနိုင်တယ်။

၄။ Stop loss နဲ့ target price ကိုထည့်ဖို့

များသောအားဖြင့် အဲဒါကိုမေ့လေ့ရှိတယ်။ Stop loss မထိလောက်ပါဘူးကွာဆိုပြီး လွှတ်ထားတာမျိုးလည်းလုပ်တတ်တယ်။​ Crypto market က ခန့်မှန်းရခက်လွန်းတယ်။ ရုတ်တရက် နေသာနေရာကနေ မုန်တိုင်းထန်ရင်လည်းထန်သွားနိုင်တယ်။ အဲဒါကြောင့် Chart ကိုသေချာကြည့်ပြီး .စျေးက ဘယ်အချိန်အတွင်းမှာ ဘယ်ထိကျန်ိုင်မလဲ။​ဘယ်နေရာမှာ reverse ပြန်သွားနိုင်သလဲ ကို ခန့်မှန်းပြီး အဲဒီနေရာမှာ target price ထားထားသင့်တယ်။​ အကယ်၍ စျေးက ကိုယ်ထင်တားတဲ့ လားရာအတိုင်းမသွားပဲ​ဆန့်ကျင်ဘက်သွားနေတယ်ဆိုရင်လည်း ဘယ်လောက်ထိတော့ သူ စျေးကစားနေတာ swing ဖြစ်နေမယ်။ ဘယ်နေရာကိုကျော်ရင်တော့ လုံးဝ ဆန့်ကျင်ဘက်သွားပြီး ကိုယ်ဆုံးရှုံးနိုင်တယ်ဆိုတာကို သိထားဖို့လိုတယ်။

အဲဒီ ဆုံးရှုံးမှုကို ကာမိအောင် margin တိုးထားမလား။ ပြောရရင် စျေးအတက်အကျခံသာအောင် ကိုယ့်အရင်းတိုးထားမလား။ တခါတည်းပဲ နည်းနည်းရှုံးတာနဲ့ပဲ ဖြတ်လိုက်မလား ဆိုတာရှိတယ်။ တခါတလေ စျေးက ကိုယ်ထားထားတဲ့ stop loss ထိ ရောက်ပြီးမှ ပြန် ပြီး ကိုယ်မျှော်လင့်ထားတဲ့ direction အတိုင်းသွားတာလည်းရှိတယ်။ အဲဒီလိုအချိန်ကျ သွားပြီလေ။​ကိုယ်တွက်တာမှန်ပေမယ့် stop loss ထားတာ အရမ်းကပ်သွားတဲ့အတွက် ကိုယ်ရရမယ့်အမြတ်ကမရတော့ပဲ အရှုံးဖြစ်သွားတယ်။ နည်းနည်းပဲရှုံးတာကတော့ ရှုံးတာပေါ့။

၅။ စပြီး Future ထဲ trade တော့မယ်ဆို mock trading လုပ်ဖို့

Mock trading ဆိုတာ simulation တမျိုးပါ။ တကယ့်ငွေကြေးကိုသုံးပြီး trade တာမဟုတ်ပဲ လက်ရှိ ဖြစ်နေတဲ့စျေးအပေါ်မူတည်ပြီး ကိုယ်က တပြားမှမစိုက်ပဲ​ trade တာပါ။ အဲလိုလုပ်ဖို့ ကိုယ့် mock trading acc ထဲ 3000 USDT ထည့်ပေးပါတယ်။​အဲဒါက တကယ့် ဟာမဟုတ်ပဲစာရင်းသက်သက်ပါပဲ။​အဲဒါကိုသုံးပြီး ကိုယ့်ဘာသာ ကြိုက်သလိုလုပ်လို့ရပါတယ်။

ရှုံးသွားလည်း ဘာမှမဖြစ်ပါဘူး။ မြတ်ရင်လည်း ပြန်မပေးပါဘူး။ ကျနော်အဲဒါကိုမသိတုန်းက တကယ့် ငွေကြေးတွေသုံးပြီး Trade ခဲ့ရတဲ့အတွက် သင်ခန်းစာတွေကို ကြေးကြီးကြီးပေးခဲ့ရပါတယ်။ ကိုယ်မသေချာတဲ့အချိန် တွေမှာဆို အဲဒီ simulator မှာသွားစမ်းကြည့်ပြီး ကိုယ်တွက်တာ မှန်မမှန် သုံးသပ်လို့ရပါတယ်.

၆။​ နောက်အသုံးဝင်တဲ့အရာတခုကတော့ Cool off period ပါ။

လူတယောက်က ဆက်တိုက် ဒါတွေပဲကြည့်နေရင် trade နေရင် ဦးနှောက်က ပင်ပန်းလာပါတယ်။ ဦးနှောက်ပင်ပန်းရင် စိတ်မရှည်ဖြစ်ပြီး အမှားတွေ ပိုလုပ်မိတတ်ပါတယ်။ ဒါကြောင့် ကျနော် တစ်နေ့ကို နည်းနည်းပဲ trade တယ်​ကိုယ် သတ်မှတ်ထားတဲ့ပမာဏ ရတာပဲဖြစ်ပါစေ ၊ ကိုယ်ရှုံးသွားတာပဲဖြစ်ပါစေ. ဆက်တိုက် trade မလုပ်တော့ပါဘူး။ တနေ့တာ cool off button ကို ဖွင့်လိုက်ပါတယ်။ ကျနော်ဘယ်လောက်ပဲ trade လုပ််ချင်ချင် Binance က ကျနော့်ကိုပေးမလုပ်တော့ပါဘူး။​အဲဒီကနေ အနားယူပြီး ခေါင်းအေးမှ ပြန်လုပ်လို့ရပါတယ်။ တအား လုပ်ချင်နေရင် အပေါ်က mock trading ထဲသွားပြီး simulate လုပ်နေလို့ရပါတယ်။

၇။ ခေါင်းမကြည်ရင် trade မလုပ်တာကောင်းတယ်။

တခြားကိစ္စများစွာနဲ့အလုပ်ရှုပ်နေရင် decision တွေက မှားနိုင်လို့ အဲဒီအချိန်တွေ trade မလုပ်တာကောင်းပါတယ်။

၈။ စျေးတွေဘယ်လိုတက်နေကျနေတာလဲ နားလည်ဖို့လိုတယ်။

စျေးတွေက ဘယ်လောက်ပဲကျကျ၊​ပြန်တက်တက်တဲ့အခါမျိုးရှိတယ်ဆိုပေမယ့် သူတို့တက်နိုင်တဲ့ပမာဏ တခုရှိပါတယ်။​ အဲဒီကို ရောက်ပြီးပြီဆိုရင် နောက်တခါပြန်ကျပါတယ်။

ပြန်ကျရင် သူ့အောက်က ခံနေတဲ့ Floor/Support ကဘယ်လောက်ခိုင်မခိုင် သွား စမ်းလေ့ရှိတယ်။ မခိုင်တဲ့အချိန်ဆို အဲဒီ Floor/ Support က ကျိုးကျပြီး အောက် ထိ ပြုတ်ကျပါတယ်။​

ဘာနဲ့တူသလဲ ဆိုတော့ အလွှာနဲ့နေတဲ့တိုက်အိမ်တွေလိုပဲ။ ဘောလုံးတလုံးကို အပေါ်ဆုံးထပ်ကနေ အောက်ကိုပြုတ်ကျတယ်။ ကြမ်းပြင်ပါးတဲ့အခါ တလွှာပြီးတလွှာ ဖောက်ပြီး ဆင်းလာတယ်။ (စူပါဘောလုံးလို့ပဲသဘောထားလိုက်ပါ) နောက်ဆုံး အရှိန်သေတဲ့အခါ ဆက်မဖောက်တော့ပဲ ရပ်သွားတယ်။ စျေးကွက်မှာတော့ အဲလို ဖောက်ပြီးရင် အပေါ်ပြန်တက်ပါတယ်။ ဒါပေမယ့် ထိပ် ဆုံး ထိတော့ချက်ချင်းပြန်မတက်နိုင်ဘူး။ အလွန်ဆုံး သူ့ရှေ့က ဖောက်ခဲ့တဲ့အလွှာလောက်ထိပဲ အရင်ပြန်သွားနိုင်တယ်။ နောက်တော့ အရှိန်ရရင်အပေါ်ဆက်တက်မယ်။ မရရင် ပြန်ကျမယ်။

နောက်တော့ ဘေးတိုက်သွားပြီး နောက်လူက ဘောလုံးကို အပေါ်ကို ပင့်ကန်မယ့်အချိန်ကိုစောင့်ရင်စောင့်နေမယ်။ ပင့်ကန်မယ့်သူတွေမရှိတော့ ရင် စိတ်မရှည်တော့ပဲ အောက်ဆက်ဆင်းတယ်။

၉။ TA Technical analysis လို့ခေါ်ကြတယ်။ အများကြီးမဟုတ်တော့ မသိမဖြစ်တာတချို့သိထားသင့်တယ်။

trading လောကမှာ အသုံးများကြတာ။ RSI လို့ခေါ်တဲ့ Relative Strength Index ရယ်။ Fibonacci လို့ခေါ်တဲ့အချိုးရယ်။ Moving aveage ဆိုတဲ့ EMA ဆိုတာတွေရယ်။ သူတို့တွေက စျေးကဘယ်နားထိသွားမလဲ၊​ဘယ်နား မှာ ပြန် test လုပ်မလဲ၊​ဘယ်လိုင်းကိုကျော်ရင် ဆက်တက်မယ်၊​ဆက်ကျမယ် စတာတွေကို ပြောပြလေ့ရှိပါတယ်၊ ကျွမ်းကျင်သူတွေက ရမ်းသမ်း trade တာမဟုတ်ပဲ​အဲဒီ indicator တွေက ပေးတဲ့ information တွေကိုယူပြီး ဝင်ကြထွက်ကြပါတယ်။ Fibonacci ဆိုတာကတော့ သင်္ချာကလာတဲ့အချိုးတွေပါ။ သူ့ကို နေရာတော်တော်များများမှာတွေ့ရတယ်.

အဆုံးစွန်ပြောရရင် ချောမောလှပါပါတယ်ဆိုတဲ့ကောင်မလေး တစ်ယောက်ရဲ့မျက်နှာဟာလည်း Fibonacci ratio ကျတာကိုတွေ့ကြတယ်။ ဓာတ်ပုံတွေ၊ အဆောက်အဦးတွေ မှာလည်း မြင်ရတယ်။ data တွေမှာလည်း မြင်ရတယ်။ Trading မှာလည်း မြင်ရတတ်တယ်။ Chart တွေအကြောင်းလည်း သိသင့်တယ်။​ သူတို့ဆီမှာ Pattern တွေရှိတယ်။ ကြည့်လိုက်ရင်တော့ မျဉ်းကြောင်းနဲ့ wave လေးတွေပါပဲ။​ အဲဒိwave လေးတွေက တက်မလားကျမလား ဆိုတာကို စကားပြောတတ်တယ်။

၁၀။ စိတ်ရှည်၊ ကိုယ့်ဘာသာ စည်းကမ်းထားဖို့

စျေးတွေက လှုပ်ခါနေမှာပဲ။​တက်လိုက်ကျလိုက်ဖြစ်တာပဲ။ ဘာလုပ်လုပ် Emotion နဲ့မဆုံးဖြတ်ဖို့လိုတယ်။ စောင့်ဖို့လိုရင်စောင့်ရတယ်။ ကိုယ်ကမလိုက်ရဘူး။​ သေချာပေါက်ကိုယ်စောင့်တဲ့နေရာကို ရောက်လာတတ်တာ အကြိမ်ကြိမ်အခါခါ မြင်ခဲ့ဖူးပြီ​။​ကိုယ်ကသာစိတ်မရှည်လို့ ဆုံးဖြတ်ချက်တွေလွဲတာ။

ကိုယ့်အတွက် တခြားကိစ္စတွေမှာ မရှိမဖြစ် သုံးတဲ့အခါလိုမယ့်ငွေကြေးကိုဖယ်ထားပြီးမှ ပိုတဲ့ပမာဏတခုကို trade ထဲထည့်တာကောင်းတယ်။ အကယ်၍ ကိုယ်လုပ်တာမြတ်လာခဲ့ရင်လည်း အဲဒါကို တခြားနေရာကိုပြန်ရွှေ့ထားဖို့လိုတယ်။

အဲဒီလိုလုပ်ခဲ့ရင် ကျနော့်တုန်းကလို ဆက်တိုက် မူးစုပဲစု စုရပြီး နောက်ဆုံးကျ တကြိမ်တည်းနဲ့အားလုံး လက်လွှတ်လိုက်ရတာ မဖြစ်တော့ဘူးပေါ့။ ကိုယ် မရွှေ့မချင်း ၊ဒါက တကယ့်အမြတ်မဟုတ်ပဲ လည်ပတ်ငွေပဲ ဖြစ်နေဦးမှာပဲ။​

၁၁။ဒီကရတဲ့သင်ခန်းစာတွေကို တခြားနေရာတွေမှာပြန်သုံးတတ်ဖို့

စျေးကွက်တိုင်းဟာ ဒီသဘောတရားတွေကြည့်ပါပဲ။ stock, gold, dollar, oil ဆင်တူတွေကြည့်ပါပဲ။​ နည်းနည်း volatile ဖြစ်တာနဲ့ များများ volatile ဖြစ်တာကွာတာပေါ့။

တအား hype နေတဲ့အချိန်၊​စျေးတွေ တအားမြောက်နေချိန်ဟာ မဝင်သင့်တော့တဲ့အချိန်ဆိုတာ ရှေ့မှာဖြစ်ခဲ့တဲ့ အဖြစ်ပျက်တွေက စကားပြောတယ်။

Tesla လို share မျိုးတောင် Elon musk ကိုယုံစားဝယ်ထားခဲ့တာ အခု 40% လောက် lost ပြနေတယ်။

ဒါတွေရေးတာကိုယ့်ဘာသာ သတိရနေဖို့ သက်သက်ပဲ။ တခြားသူတွေလည်း တခုခုရသွားနိုင်လောက်တယ်ထင်ပြီးရေးတာ။ ကိုယ်တိုင် ဝုတ်နေလို့ ဆရာလုပ်ဖို့ စိတ်ကူးမရှိကြောင်းပါ။

အပေါ်က ဟာ အကုန်လုပ်ရင်လည်း lost နိုင်ပါသေးတယ်

Lostတဲ့အကြိမ်ရေတော့ နည်းလာနိုင်မှာပေါ့လေ

#Crypto #trading

26 May 2022

#Arthur

--

--

Nyein Chan Ko Ko
Nyein Chan Ko Ko

Written by Nyein Chan Ko Ko

Burmese ,Medical doctor ,Data enthusiast . Interested in AI , health. MB,.BS, MSc Healthcare Informatics

Responses (1)